1 TradeNet အသင်း၀င်
လျှောက်ထားခြင်း
  • ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) မလျှောက်မီ၊ ဦးစွာTradeNetအသင်းဝင်ခွင့် ကို လျှောက်ထားရပါမည်။ TradeNetအသင်းဝင် လျှောက်ထားရန်အတွက် ကျေးဇူးပြု၍ ဤ link ကိုနှိပ်၍ အသင်းဝင် လျှောက်ထားရန်။

2 ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်
မှတ်ပုံတင်လျှောက်ထားခြင်း
  • TradeNet2.0 အသင်းဝင်ဖြစ်ပြီးနောက် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) အပါအဝင် အခြားဆက်စပ်ကတ်များကို လျှောက်ထားနိုင်ပါသည်။ ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) အပါအဝင် အခြားဆက်စပ်ကဒ်များ လျှောက်ထားရန် ကျေးဇူးပြု၍ ဤ Link  ကိုနှိပ်၍ လျှောက်ထားရန်။

3 ပို့ကုန်သွင်းကုန် လိုင်စင်/ပါမစ်
လျှောက်ထားခြင်း
  • ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်(ပသက) ရရှိပြီးသည်နှင့် ပို့ကုန်သွင်းကုန်လိုင်စင် /ပါမစ် များအားဆက်လက်လျှောက်ထားနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လိုင်စင် /ပါမစ် လျှောက်ထားရန် ကျေးဇူးပြု၍ ဤ Link ကိုနှိပ်ပြီး လျှောက်ထားရန်။

‌နောက်ခံသမိုင်း

၂၀၀၄ ခုနှစ်၊ သြဂုတ်လတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) သည် ပို့ကုန် / သွင်းကုန်လုပ်ငန်းရှင်များမှတ်ပုံတင်ခြင်းနှင့် လိုင်စင်/ပါမစ်ထုတ်ပေးရေးဆိုင်ရာဝန်ဆောင်မှုကိစ္စအဝဝအတွက် လျှောက်ထားထုတ်ယူနိုင်သည့် စနစ်ကိုစတင်အသုံးပြုခဲ့ပါသည်။ ၂၀၁၆ ခုနှစ် ဇွန်လမှစ၍ Myanmartradenet Website မှတဆင့် Fully Online Licensing System စနစ်အား Auto License ကုန်ပစ္စည်းအမယ်များမှ ကုန်ပစ္စည်းအမယ် (၄၃) မျိုးဖြင့် စတင်အသုံးပြုနိုင်ခဲ့ပြီးယခုအခါတွင် ပို့ကုန် HS လိုင်း (၈၈) လိုင်း၊ သွင်းကုန် (၂၀၆၄) လိုင်းအား Online ပေါ်မှ လျှောက်ထားနိုင်ပြီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်တွင် MOC သည် လက်ရှိလိုင်စင်စနစ်ကိုနောက်ဆုံးပေါ်ခေတ်မီနည်းပညာနှင့်အညီမြန်ဆန်လွယ်ကူစွာဝန်ဆောင်မှုအပြည့်အဝပေးနိုင်သည့် အွန်လိုင်းလိုင်စင် (Online License) စနစ်သို့ ပြောင်းလဲမြှင့်တင်ရန် ပြင်ဆင်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင် အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်ခြင်းနှင့် လိုင်စင်ထုတ်ပေးနိုင်ရန် အဆင့်မြှင့်တင်ထားသောစနစ်ကိုအကောင်အထည်ဖော်ဆောင်ရွက်ထားခြင်းသည် ပိုမိုကောင်းမွန်ပြည့်စုံသောဝန်ဆောင်မှုများပေးနိုင်ရန်နှင့် ကုန်သွယ်ခွင့်များကို လျှောက်ထားရာတွင် အထောက်အကူဖြစ်စေနိုင်ရန်၊ ဒေသတွင်းကုန်သွယ်မှုကို လျှင်မြန်လွယ်ကူချောမွေ့လာစေရန်၊ e-Government နှင့် အ ....

ANNOUNCEMENTS

အသုံးပြုပုံလမ်းညွှန်များ

TradeNetအသင်းဝင်ခြင်း၊ ပသကမှတ်ပုံတင်ခြင်းနှင့် အခြားဆက်စပ်ကဒ်များ၊ ပို့ကုန်/သွင်းကုန် လိုင်စင်/ပါမစ် နှင့် ပြန်လည်တင်ပို့ခွင့်လိုင်စင်များ လျှောက်ထားရန် စိတ်ဝင်စားသောTradeNetအသုံးပြုသူများအားလုံးအတွက် သုံးစွဲသူလမ်းညွှန်အမျိုးအစား (၃)မျိုးရှိပါသည်။ လျှောက်ထားသုံးစွဲသူများအားလုံးအတွက် လွယ်ကူစွာလိုက်နာလုပ်ဆောင်နိုင်သည့် တစ်ဆင့်ပြီးတစ်ဆင့် အဆင့်လိုက် လုပ်ဆောင်မှုလမ်းညွှန်များကိုမိမိလျှောက်ထားမည့် လျှောက်လွာပုံစံအမျိုးစားအလိုက် ဖော်ပြပေးထားပါသည်။ အသုံးပြုပုံလမ်းညွှန်များအားလုံးကိုမြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးစလုံးဖြင့် ရရှိနိုင်ပါသည်။

ကုန်သည်လုပ်ငန်းရှင်များ၏ TradeNetအသင်းဝင်လျှောက်ထားရန်အတွက် အသုံးပြုပုံလမ်းညွှန်ကိုမြန်မာ၊ အင်္ဂလိပ် ဘာသာ (၂) မျိုးလုံးဖြင့် ရရှိနိုင်ပါသည်။ အသုံးပြုပုံလမ်းညွှန်တွင် TradeNetအသင်းဝင်အဖြစ် လျှောက်ထားရန် လိုအပ်သည့် လုပ်ဆောင်မှုအဆင့်ဆင့်ကိုရေးသားဖော်ပြပေးထားပါသည်။

ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ် (ပသက) အပါအဝင် ဆက်စပ်ကတ်များလျှောက်ထားခြင်းအတွက် အသုံးပြုပုံလမ်းညွှန်ကိုမြန်မာ၊ အင်္ဂလိပ် ဘာသာ (၂) မျိုးလုံးဖြင့် ရရှိနိုင် ပါသည်။ အသုံးပြုပုံလမ်းညွှန်တွင် ၎င်းကတ်များ လျှောက်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုအဆင့်ဆင့်ကိုရေးသားဖော်ပြပေးထားပါသည်။

ပို့ကုန်သွင်းကုန်လိုင်စင်/ပါမစ်များ လျှောက်ထားခြင်းအတွက် အတွက် အသုံးပြုပုံလမ်းညွှန်ကို မြန်မာ၊ အင်္ဂလိပ် ဘာသာ (၂) မျိုးလုံးဖြင့် ရရှိနိုင်ပါသည်။ အသုံးပြုပုံလမ်းညွှန်တွင် ၎င်းလိုင်စင်/ပါမစ်များ လျှောက်ရန်အတွက် လိုအပ်သည့် လုပ်ဆောင်မှုအဆင့်ဆင့်ကိုရေးသားဖော်ပြပေးထားပါသည်။