Page: ../ 1 2 3 4 5
Question :Bran New Machine For Garment မဟုတ်သည့် စက်ပစ္စည်း ကို အထည်ချုပ်စက်ရုံအတွက် Import license ပြုလုပ်လို့ ရပါသလား သိချင်ပါတယ်။    26 Aug, 2016
Date : 26 Aug, 2016
Answer : Normal Licecneဖြင့်သာလျှောက်လို့ ရနိုင်ပါတယ်

Question :Bran New Machine For Garment မဟုတ်သည့် စက်ပစ္စည်း ကို အထည်ချုပ်စက်ရုံအတွက် Import license ပြုလုပ်လို့ ရပါသလား သိချင်ပါတယ်။    26 Aug, 2016
Date : 26 Aug, 2016
Answer : Cmp import licence မဟုတ်ပဲ normal import licence ဖြင့်လျှောက်ထားနိုင်ပါသည်

Question :ထသကလိုင်စင်လျှောက်ထားရန်အတွက် လိပ်မူရန်မှာ နေပြည်တော်၊ ရန်ကုန် ဘယ်ဟာကို လိပ်မူရပါ့မလဲခင်ဗျာ    23 Aug, 2016
Date : 23 Aug, 2016
Answer : ထသက လိုင်စင်လျှောက်ထားရန် အတွက် နေပြည်တော်သို လိပ်မူပြီးလျှောက်ထားနိုင်ပါသည်။

Question :semi online စနစ် ကဘယ်လိုပစ္စည်းမျိုးတွေလျောက်လို့ရသလဲ? fully online စနစ်ကဘယ်လိုပစ္စည်းမျိုးတွေလျောက်လို့ရသလဲ? သိချင်ပါတယ်    19 Aug, 2016
Date : 19 Aug, 2016
Answer : semi online စနစ်မှ မည်သည့်ပစ္စည်းအမျိုးအစားကိုမဆို လျှောက်လို့ ရပါတယ်.... semi online ဖြင့် myanmar trade net မှာ online application form၀င်ရိုက်ပြီးလျှင် ကုန်သွယ်ရေးရုံးသို့ လာပြီး လိုင်စင်လျှောက်ထားခြင်း ငွေသွင်းခြင်းများ ကို ဆောင် ရွက်နိုင်ပါတယ်ရှင့်.Fully online စနစ်ဖြင့်လျှောက်ရမည့် ကုန်ပစ္စည်းအမျိုးအမည်များကို မေးပို့ ပေးမည်ဖြစ်ပါသဖြင့် gmailလေး ပို့ ပေးပါ၇ှင်

Question :သွင်းကုန်လုပ်ငန်းလုပ်ကိုင်လိုပါတယ်ခင်ဗျာ။လိုအပ်သည်များအားလုံး,အစအဆုံးအသေးစိတ်သိချင်ပါတယ်။ဘယ်မှာလေ့လာလို့ရမလဲခင်ဗျာ။ကျေးဇူးတင်ပါတယ်။    19 Aug, 2016
Date : 19 Aug, 2016
Answer : မဂ်လာပါရှင့်။ သွင်းကုန်လုပ်ငန်းလုပ်ဖို့ကို အရင်ဆုံး ထုတ်ကုန်သွင်းကုန်မှတ်ပုံတင်ပြုလုပ်ရမှာ ဖြစ်ပါတယ်၊ အဲဒါပြီးမှ ထုတ်ကုန်သွင်းကုန်လိုင်စင်လျှောက်လို့ရပါမယ်။ ကုန်သွယ်ရေးဦးစီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)မှာ လာလုပ်လို့ရပါတယ်။ ရုံးလိပ်စာက 228-240 ကမ်းနားလမ်းနဲ့ ရွှေဘုံသာလမ်းထောင့်မှာပါရှင့်။

Question :သွင်းကုန်ပစ္စည်းများကို ပုံသေဈေးနှုန်းသတ်မှတ်ထားခြင်းရှိပါသလား။ သတ်မှတ်ထားပါက ဈေးနှုန်းအသေးစိတ်ကိုဘယ်လိုသိနိုင်ပါသလဲ။    09 Aug, 2016
Date : 09 Aug, 2016
Answer : သွင်းကုန်ပစ္စည်းများအား ပုံသေဈေးနှုန်းသတ်မှတ်ထားခြင်းမရှိပါ။

Question :License လျှောက်စရာ မလိုတဲ့ ပစ္စည်းအမျိုးအစားများ သိချင်ပါတယ်။    19 Aug, 2016
Date : 19 Aug, 2016
Answer : http://www.commerce.gov.mm/…/%E1%80%9C%E1%80%AD%E1%80%AF%E1… တွင်ကြည့်ရှုနိုင်ပါ သည်။

Question :MEMBER ကို COMPANY မ၇ှိသေးသူများလေ့လာနိုင်အောင်ဝင်ခွင့်ပြုပေးစေချင်    02 Aug, 2016
Date : 02 Aug, 2016
Answer : လူတစ်ဦးချင်းနာမည်အနေနဲ့ မှတ်ပုံတင်နံပါတ်နဲ့လဲ ၀င်လို့ ရပါတယ်ရှင့်...

Question :ဆားတင်သွင်းခွင့်အား လက်ရှိတွင်ခွင့်ပြုထားသလားဆိုတာသိချင်ပါတယ်ရှင့်။ ပါမစ်လျှောက်ရန်လိုအပ်ပါသလား။ ကျေးဇူးတင်ပါတယ်။    02 Aug, 2016
Date : 02 Aug, 2016
Answer : ဆားတင်သွင်းခွင့်အား သတ္တုတွင်းဦးစီးဌာန၏ ထောက်ခံချက်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားနိုင်ပါသည်။

Question :Price data base က Error ပြနေပါတယ်ရှင့် Import ဈေးနှုန်းလေးများကြည့်ချင်လို့ပါရှင့်    29 Jul, 2016
Date : 29 Jul, 2016
Answer : Price Data Base က အစည်းအဝေးအနေနဲ့ မလုပ်တော့တယ့်အတွက်.. လင့်ခ်မပေးတော့တာပါ... အရင် Data (2012) ကို လိုချင်ရင်တော့ရပါတယ်... ထပ်ပြီး အသစ်အနေနဲ့ ထွက်တာတော့ မရှိပါဘူးရှင့်..

Question :သွင်းကုန်အတွက် လိုင်စင်လိုမလိုကို Myanmar TradeNet Website မှာ ဘယ်လိုရှာရမည်နည်း။ အမြန်ဆုံး ဖြေကြားပေးစေလိုပါသည်။ 21.07.2016    29 Jul, 2016
Date : 29 Jul, 2016
Answer : ညီမတို့အနေနဲ့ Myanmar Tradenet Website မှာ Data ထည့်တာက Update ဖြစ်တယ့်အတွက် ဒေတာတွေက အလျဉ်းသင့်သလိုေ၇ှ့နောက် ရောက်သွားတာတွေ ဖြစ်တတ်ပါတယ်.. လိုင်စင်လိုမလိုအတွက် တင်ထားတာတော့ ရှီပါတယ်... အဆင်မပြေလို့ လိုချင်ရင်တော့ ကုန်သွယ်ရေးရုံးမှာ လာယူနိုင်ပါတယ်ရှင့်.. (PIAC) ခန်း၊ မြေညီထပ် ပါ....

Question :HS Code ဘယ်မှာရှာ ရမလဲ    20 Jul, 2016
Date : 20 Jul, 2016
Answer : NATIONAL TRADE PORTAL MYANMAR Website ၏ Code List တွင် ရှာဖွေနိုင်ပါသည်။

Question :HS Code ဘယ်မှာရှာ ရမလဲ    20 Jul, 2016
Date : 20 Jul, 2016
Answer : NATIONAL TRADE PORTAL MYANMAR Website ၏ Code List တွင် ရှာဖွေနိုင်ပါသည်။

Question :e token ၀ယ်ယူရန် registration form တွင် မဖြစ်မနေဖြည့်သွင်းပေးရမည့် အချက်အလက်များတွင် (၁) Myanmar TradeNet Website တွင် Member ၀င်ပြီးကြောင်း အထောက်အထား ဆိုတာက ဘာကို ယူလာပြရမလဲ.. သိချင်ပါတယ်။    20 Jul, 2016
Date : 20 Jul, 2016
Answer : e token ၀ယ်ယူရန် registration form တွင် မဖြစ်မနေဖြည့်သွင်းပေးရမည့် အချက်အလက်များတွင် (၁) Myanmar TradeNet Website တွင် Member ၀င်ပြီးကြောင်း အထောက်အထား ဆိုသည်မှာ member ဝင်စဉ်က ဌာနမှပေးလိုက်သော ငွေသွင်းချလန်ဖြစ်ပါသည်။

Question :ကားများကိုသွင်းချင်လို့ပါ လိုင်စင်တင်ရန်အတွက်ဘယ်လောက်ဈေးနှုန်းများသတ်မှတ်ထားသလဲသိချင်ပါသည်။    20 Jul, 2016
Date : 20 Jul, 2016
Answer : တင်သွင်းလိုသည့်ကားအမျိုးအစား၊ model year နှင့် Country of Origin ပေါ်မူတည်၍ ဈေးနှုန်း ကွာခြားပါသည်။ မော်တော်ယာဉ်များ၏ လိုင်စင်တင်ရန်သတ်မှတ်ထားသော ဈေးနှုန်းများအား လေ့လာ သိရှိလိုပါက Commerce Website ၏ မော်ဒယ်အလိုက်မော်တော်ယာဉ်ဈေးနှုန်းများ တွင် လေ့လာသိရှိနိုင်ပါသည်။

Question :လုပ်ငန်သုံး မြေတူးစက် VOLVO အတွက် OIL FILTER, AIR CLEANER, PILOT FILTER,COMPRESSOR FILTER, ENGINE FILTER စတဲ့ အပိုပစ္စည်း အသစ် တင်သွင်းချင်ပါတယ်။ လိုင်စင်လျှောက်ထားရန် လိုပါသလား ၊ လိုင်စင်သတ်မှတ် ဈေးနှုန်းကို ဘယ်ဋ္ဌာနတွင် မေးမြန်း ရပါမလဲ ။ တစ်ခြား ကုမ္မဏီ တစ်ခုခုမှ လျှောက်ထားဘူးခြင်း မရှိသေးသော အပိုပစ္စည်း ဖြစ်ခဲ့လျှင် Calalog များဖြင့် တင်ပြရန် လိုအပ်ပါသလား ။ Custom Duty, Commercial Tax ရာခိုင်နှုန်းကိုလည်း သိလိုပါတယ်။    20 Jul, 2016
Date : 20 Jul, 2016
Answer : အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပြန်ထားသော AV Value အတိုင်း ခွင့်ပြုပေးထားပြီး ဈေးနှုန်းမပါသော ကားများကို One Stop Service အဖွဲ့မှ လှည့်လည်၍ အတည်ပြုဆောင်ရွက်ပေးလျှက်ရှိပါသည်။ Commercial Tax အား သိရှိလိုပါက Commercial Tax Law တွင်လည်းကောင်း၊ Custom Duty အား သိရှိလိုပါက Import Procedure ၏ Custom Duty အပိုင်း တွင် လေ့လာနိုင်ပါသည်။

Question :ကျွန်​​တော်​ ဦး​တော်​မီ​ဌေးရီ(၁၂/ဥကမနိုင်​ ၁၉၉၅၄၈)သည်​ တခါဘူးမျှ ကုမ္ပဏီ (ထုတ်​ကုန်​သွင်းကုန်​လိုင်​စင်​)​လျှောက်​ထားခြင်း၊လုပ်​ငန်းများ​ဆောင်​ရွက်​ခြင်း မရှီခဲ့ပါ ။ ကျွန်​​တော်​၏မိသားစု အ​ခြေအ​နေအရလည်းဤလုပ်​ငန်းများလုပ်​​ဆောင်​ရန်​ ​ငွေ​ကြေးပြည့်​စုံသူများ မဟုတ်​ပါ။ ယခုခါ ကျွန်​​တော်​မသိဘဲ ကျွန်​​တော်​နာမည်​သုံး၍ ကုမ္ပဏီ မှတ်​ပုံတင်​ခြင်း ၊ လုပ်​ငန်းများ​ဆောင်​ရွှက်​ခြင်း ကိုတစုံတ​ယောက်​မှလုပ်​ကိုင်​ထားသည်​ဟုသိရပါသည်​။ သို့ဖြစ်​ပါ၍ ဤကိစ္စ အမှန်​တကယ်​ရှီ မရှီ သိလိုပါသည်​။    20 Jul, 2016
Date : 20 Jul, 2016
Answer : ထုတ်ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်းလုပ်ငန်းများအား ဆောင်ရွက်နိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပေးထားသော ကုမ္ပဏီမှတ်ပုံတင်ကဒ်ရှိမှသာ လျှောက်ထား နိုင်ခြင်း ဖြစ်ပါသည်။ ကုမ္ပဏီမှတ်ပုံတင်ကဒ်တွင်ပါဝင်သော Director List တွင် လူကြီးမင်း၏ အမည်ပါဝင် နေသည်ဆိုပါက ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းများဆောင်ရွက်ပေးသည့် ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန DICA တွင် စုံစမ်းမေးမြန်းခြင်းဖြင့် သိရှိနိုင်ပါသည်။

မြန်မာ Font အားအသုံးပြုလိုပါက
ဇော်ဂျီမြန်မာ Font အား Control panel ရှိ Fonts Folder အတွင်းcopy ကူးထည့်ရပါမည်။
ဇော်ဂျီမြန်မာ Keyboard ကို double click လုပ်၍ Install လုပ်ရပါည်။
ထို့နောက် Control panel ရှိ Regional & Language Options တွင် Keyboard add လုပ်ဆောင်ပြီးအသုံးပြုနိုင်ပါသည်။

To post new question!
* Question

today> 905 hits
total> 4,894,398 hits
since Apr 12, 2006
ကြော်ငြာထည့်သွင်းလိုသော်
သင့်စီးပွားရေး ကြော်ငြာများကို MyanmarTradenet တွင် ထည့်သွင်းလိုလျှင် ဖုန်းနံပါတ် ၀၁-၃၇၆၄၁၆ ၊ ၀၁-၃၇၆၄၉၀ နှင့် ၀၆၇-၄၀၈၀၁၀ ၊ ၀၆၇-၄၀၈၄၈၅ တို့သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။