Page: ../ 1 2 3 4 5
Question :ကွမ်းသီး re-export ပြုလုပ်လိုပါသဖြင့် မည်သို့ပြုလုပ်ရမည်နည်း. custom duty ဘယ်လောက်ပေးဆောင်ရမည်နည်း လိုင်စင်ကိုဘယ်လိုလျောက်ထားရမည်နည်း    06 Jul, 2016
Date : 06 Jul, 2016
Answer : re-export လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက ပြန်လည်တင်ပို့ခြင်း (Re-Export) လုပ်ထုံးလုပ်နည်းသတ်မှတ်ခြင်း တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Semi Online အကြောင်းအသေးစိတ်ရှင်းပြပေးပါလား ခင်ဗျာ... online ကို etoken နဲ့ဝင်ပြီး လိုင်စင်ကို ကုန်သွယ်ရေးဦးစီးဌာနမှာ တင်ရတာလားဆိုတာ သိချင်ပါတယ်....    07 Jul, 2016
Date : 07 Jul, 2016
Answer : မင်္ဂလာပါရှင်၊ Semi Online ဆိုတာက Online ကနေ license Application form ကိုလျှောက်တာပေမဲ့ ကျန်တဲ့ process တွေ ကတော့ Online ကနေသွားလို့မရတာဖြစ်တဲ့အတွက် Semi Online လို့ခေါ်တာဖြစ်ပါတယ်။ Semi Online မှာ etoken သုံးရန်မလိုသေးပါဘူး။ Fully Online နဲ့လိုင်စင်လျှောက်မယ်ဆိုရင်တော့ etoken ကိုအသုံးပြုရမှာဖြစ်ပါတယ်။Fully Online လျှောက် ထားရင်တော့ ကုန်သွယ်ရေးဦးစီးဌာနကိုလာရန် မလိုပါဘူးရှင့်။ Fully Online ကို တော့ထောက်ခံချက် မလိုတဲ့ပစ္စည်းတွေကိုစတင်ပြီးလျှောက်ထားနိုင်အောင်စီစဉ်ထားပေးပါတယ်။ဘယ်လိုပစ္စည်းတွေကို လျှောက်နိုင်တာ လဲဆိုတာကို www.commerce.gov.mm မှာလဲဝင်ပြီးကြည့်နိုင်ပါတယ်၊www.myanmartradenet.com မှာလဲ fully online လျှောက်ထားရန်နေရာထဲကနေ၀င်ပြီးတော့ HS code ကိုခေါ်ကြည့်လို့ရပါတယ်ရှင့်။

Question :မင်္ဂလာပါ Itc သွင်းကုန်လိုင်စင် လျှောက်ထားချင်လို့ပါ ဘယ်လိုလျှောက်ထားရမလဲ ဆိုတာ ပြောပြပေးပါရှင်    06 Jul, 2016
Date : 06 Jul, 2016
Answer : Itc သွင်းကုန်လိုင်စင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင်လက်မှတ်ထုတ်ပေးခြင်းလုပ်နည်းစနစ်များ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :ခုကုမ္မဏီလိုင်စင်ဈေးကျတယ်ဆိုတာဟုတ်ပါလားသိချင်ပါတယ် ခုကုန်ကျစရိတ်လေးသိချင်ပါတယ် နောက်ပီး ထသကလိုင်စင်တွက် ဘယ်လောက်ကုန်ကျမှုရှိပါလဲခင် တနိုင်တပိုင် ကုမ္မဏီထောင်မလို့မေးတာပါ    06 Jul, 2016
Date : 06 Jul, 2016
Answer : ကုမ္ပဏီလိုင်စင် နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :ခုကုမ္မဏီလိုင်စင်ဈေးလျော့ချတယ်ဆိုတာဟုတ်ပါလားခင်ဗျ နောက်တခုက သွင်းကုန်ထုတ်ကုန်သကထလိုင်စင်ဘယ်လောက်ကျပါသေးလဲ သိချင်ပါတယ်ခင်ဗျ    06 Jul, 2016
Date : 06 Jul, 2016
Answer : ကုမ္ပဏီလိုင်စင် နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Semi Online Licence က လျှောက်လို့ မရဘူး။ Form အားလုံးပြီးလို့  Finish လုပ်ပြီးရင် Sent လုပ်တာကို Sent နိုပ်ပြီးရင် Registration Code : တောင်းတဲ့အတိုင်းထည့်ပေး ပေမယ့် Code Error ပဲ ပြနေတယ် Registration Code ကလည်း သွင်းကုန်လိုင်စင်လျှောက်လွှာရဲ့ Left Hand Side က Please record this Registration No : ကိုထည့်တယ် အဆင်မပြေဘူး Do not record this No (or) Code ပဲပြတယ် အဲ့တာဘယ်အချိန်မှ လျှောက်လို့ ရမှာလဲ သိချင်ပါတယ်။ Fully Online Licence ကလည်း ကန့် သတ်ထားတာတွေများနေတာ Semi Online Licence က လျှောက်တာ အဆင်မပြေဘူး...... Help me if you wish.    29 Jul, 2016
Date : 29 Jul, 2016
Answer : Online Licence လျှောက်ထားမှုအားလုံးကတော့ အသုံးပြုတယ့် Internet Connection ပေါ် မူတည်ပါတယ်... Connection အတက်အကျပေါ် မူတည်ပီး Error ဖြစ်တတ်ပါတယ်... Semi Online မှာ Sent နှိပ်ပြီး Registration Code ထည့်စရာ မလိုပါဘူး.. ဒီအစောင်ကို Finish လုပ်ပြီးရင် ပြန်ရှာလို့ မရပါဘူး.. Finish မလုပ်မှသာ ပြန်ရှာလို့ရတာပါ. အဆင်မပြေတာများ ရှီလျှင် ဆက်သွယ်ရန်ဖုန်း 01-241025 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်..

Question :ထသက မှတ်ပုံတင် လုပ်ချင်ပါသည်။ onlineက လျောက်ထားလို့ ရပါသလားခက်ဗျား။ Agentရော လိုအပ်ပါသလား ခင်ဗျာ    05 Jul, 2016
Date : 05 Jul, 2016
Answer : Online ကနေလျှောက်ထားလို့်မရသေးပါဘူးရှင့်၊ ကိုယ်တိုင်လာလျှောက်လို့ရပါတယ်ရှင့်။

Question :mail စစ်ပြီးပါပြီ့ hyperlink mail မရောက်သေးပါ varietytrading.mm@gmail.com    29 Jul, 2016
Date : 29 Jul, 2016
Answer : Hyperlink Mail လုပ်မယ်ဆိုရင် ညီမတို့ဆီ အသင်းဝင်ကြေး ( 13000 ) ပေးပီးမှ ရပါမယ်ရှင့်....

Question :mail စစ်ပြီးပါပြီ့ hyperlink mail မရောက်သေးပါ varietytrading.mm@gmail.com    02 Aug, 2016
Date : 02 Aug, 2016
Answer : စီးပွား/ကူးသန်းရန်ကုန်ရုံး မြေညီထပ်ရှိ PACအခန်းတွင် Myanmar Trade Net Member ကြေး တစ်နှစ်စာ လာရောက်ပေးသွင်းပြီးမှသာ အသုံးပြှု ရနိုင်မည်ဖြစ်ပါသည်

Question :DICA မှာကုမ္ပဏီတစ်ခုထောင်ဖို့အတွက်ဘာတွေဆောင်ရွက်ရမလဲသိချင်ပါတယ် နိုင်ငံခြားကုမ္ပဏီအတွက်ဆိုဘယ်လိုဆောင်ရွက်ရမလဲပြည်တွင်းဆိုဘယ်လိုဆောင်ရွက်ရမလဲသိချင်ပါတယ်ခင်ဗျ    23 Jun, 2016
Date : 23 Jun, 2016
Answer : DICA နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :DICA မှာဘယ်လိုလုပ်ငန်းတွေဆောင်ရွက်လို့ရပါသလဲပြီးတော့ဘယ်ကိစ္စကိုဘယ်လိုဆောင်ရွက်ရမလဲသိချင်ပါတယ်ခင်ဗျ    23 Jun, 2016
Date : 23 Jun, 2016
Answer : DICA နှင့်ပတ်သက်သည့် အချက်အလက်များအား အသေးစိတ်သိရှိလိုပါက Directorate of Investment and Company Administration Website တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :Myanmar TradeNet မှာ Semi Online လျှောက်တဲ့အခါ - Import Section မှာ မိမိပစ္စည်းက ဘယ် Section မှာပါတယ်ဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတာ သိချင်ပါတယ်ခင်ဗျာ။ လေ့လာမယ်ဆိုရင်ကော ဘယ်မှာလေ့လာလို့ရမလဲ။ ကျွန်တော်တို့ သွင်းမယ့် ပစ္စည်းက Computer Parts နဲ့ သက်ဆိုင်တဲ့ Server တို့ Router တို Switch တို့ပါ။    06 Jul, 2016
Date : 06 Jul, 2016
Answer : လျှောက်ထားသည့်ပစ္စည်းနှင့် Import Section များအား လေ့လာသိရှိနိုင်ရန် .. (1) Section 1 – Medical / LSB & F / Sports / Petrol (2) Section 2 – Freeze / Electrical Power / Home Goods / Mic & FCEC (3) Section 3 – Machine / Others / EP & EC (4) Section 4 – Edible Goods / Industrial Raw Material (5) Vehicle / Government / Permit / Free / MIC & FCEC (Gov & JV) (6) Section 6 – Construction / Paper / Communication / Agriculture (7) Section 7 – Electrical of Machinery Spare Parts (8) Section 8 – MIC/FCEC In CMP (9) Section C – CMP (10) Section G – Government (11) Section V - Vehicle

Question :ထသက နံပတ် ဘယ်ကရမည်နည်း    15 Jun, 2016
Date : 15 Jun, 2016
Answer : ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင် လျှောက်ထားလိုသူအနေဖြင့် http://www.myanmartradenet.com.mm တွင် ဖော်ပြထားသော ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် လျှောက်ထားခြင်းအတွက်ပုံစံ၌ လိုအပ်သည့်အချက်အလက် များ ဖြည့်စွက်ပြီး ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :လိုင်စင်အပ်နှံလိုလျှင် မည်သို့ပြုလုပ်ရမည်နည်း။    08 Jun, 2016
Date : 08 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားခြင်း။ ၇၆။ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားလျှင် ခွင့်ပြုချက် ပေးပြီးနောက်ပိုင်း မှ ပြန် လည်ရုပ်သိမ်း ခွင့်လျှောက်ထားပါက ကျသင့်သည့်သွင်းကုန်လိုင်စင်ကြေး တန်ဖိုး၏ ၅၀% ပေးသွင်းပြီးမှ သာ ပြန်လည်ရုပ် သိမ်းခွင့်ပြုမည်။ ခွင့်ပြုချက်မပေးမီပြန်လည် ရုပ်သိမ်းခွင့်လျှောက်ထားခြင်းကိုမူ မည်သည့်အခကြေးငွေမျှ ရယူခြင်းမပြုဘဲ ပြန်လည် ရုပ်သိမ်းခွင့် ပြုမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၏ Official Website ဖြစ်သော www.commerce.gov.mm website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :Can we import processed pork? If allow to import, what are the procedures for that?    23 Jun, 2016
Date : 23 Jun, 2016
Answer : တိရစ္ဆာန်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းတင်သွင်းခြင်းကို အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

Question :သွင်းကုန်လိုင်စင် ပြန်အပ်လျှင် ပြုလုပ်ရမည့်ပုံစံကို ပြောပြနုင်မလားရှင်    08 Jun, 2016
Date : 08 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားခြင်း။ ၇၆။ သွင်းကုန်လိုင်စင်လျှောက်ထားမှုကို ပြန်လည်ရုပ်သိမ်းခွင့်လျှောက်ထားလျှင် ခွင့်ပြုချက် ပေးပြီးနောက်ပိုင်း မှ ပြန် လည်ရုပ်သိမ်း ခွင့်လျှောက်ထားပါက ကျသင့်သည့်သွင်းကုန်လိုင်စင်ကြေး တန်ဖိုး၏ ၅၀% ပေးသွင်းပြီးမှ သာ ပြန်လည်ရုပ် သိမ်းခွင့်ပြုမည်။ ခွင့်ပြုချက်မပေးမီပြန်လည် ရုပ်သိမ်းခွင့်လျှောက်ထားခြင်းကိုမူ မည်သည့်အခကြေးငွေမျှ ရယူခြင်းမပြုဘဲ ပြန်လည် ရုပ်သိမ်းခွင့် ပြုမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး၏ Official Website ဖြစ်သော www.commerce.gov.mm website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :လိုင်စင်လျှောက်ရန်လို မလို ဘယ်မှာ ကြည့် ရ မလဲ ဗျာ။    08 Jun, 2016
Date : 08 Jun, 2016
Answer : ကုန်သွယ်ရေးလုပ်ငန်းများဖြေလျော့မှုအနေဖြင့် လိုင်စင်လျှောက်ထားရန်မလိုသော ကုန်စည်လိုင်း အရေ အတွက်ကို ယခင် ထက်တိုးမြှင့်သတ်မှတ်ပြီး လိုင်စင်လျှောက်ထားရန်လိုအပ်သော ကုန်စည်လိုင်းများ (Negative List)ကို သတ်မှတ်ထုတ်ပြန် ထားသော အမိန့်ကြော်ငြာစာ Negative List Order (69/2015).pdf တွင် လေ့လာကြည့်ရှုနိုင်ပါသည်။

Question :B/N excavator model 2015 ,CO -JAPAN ,SEA / BORDER လိုင်စင်လျှောက်ထားရန် လိုအပ်သောစာရွက်စာတမ်းများကိုသိချင်ပါတယ်ရှင့်။ လိုင်စင်လျှောက်ထားမယ်ဆိုရင် ကြာမြှင့်ချိန်လေးပါသိချင်ပါတယ်။ (CIF ,FOB, EXW )licence value လေးတွေပါသိချင်ပါတယ်ရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါရှင့်။    07 Jun, 2016
Date : 07 Jun, 2016
Answer : Excavator ကို လျှောက်ထားရာတွင် (၁) Proforma Invoice (၂) Sale Contract (၃) Excavator ကို မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့ လိုအပ်ပါသည်။ Excavator model 2015, CO-JAPAN, All Brand, (10 TON) ဈေးနှုန်းမှာ USD 86200 ဖြစ်ပါသည်။ ဈေးနှုန်းများမှာ မိမိလျှောက်ထားသော Vehicle Weight , Capacity Weight ပေါ်တွင် မူတည်သည်။ (CIF, FOB, EXW) Licence Value ကို အကောက်ခွန်ဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းနိုင်ပါ သည်။

Question :ဝန်ကြီးဌာနက သတ်မှတ်ထားသော Company Profile တခုတွင် ပါဝင်ရမည့် မပါမဖြစ် အချက်အလက်များကို ပြောပြနိုင်မလား ခမျာ    07 Jun, 2016
Date : 07 Jun, 2016
Answer : Profile of Exporter & Importer Registration Number (1) Exporter/Importer Registration No: (2) Business Name (Eng): Business Name (Myan): (3) Business Type : (4) Registration Date : (5) Company Registration No. : (6) Type of Company : (7) Permited Business : (8) Permit to Trade : (9) Capital : (10) Currency : (11) MD/Owner Name and NRC No: (12) Address : (13) Division (14) Country: (15) Phone: (16) Fax : (17) Email: (18) Website Name : (19) Fee: (20) Tradenet Member : (21) Term of Registration: (22) Start Date: (23) End Date: (24) Decision Code: (25) Service: (26) SI Value : (27) Entry Date : (28) Applicant Name : (29) Applicant NRC No.: (30) Agent Registration No.: (31) Remark : (32) Is Old. HTK: (33) Exporter/Importer Registration No.(OLD):

Question :I want to import some machines relating to bamboo chopsticks industry. Would you kindly suggest me how to import these machines into our country?    07 Jun, 2016
Date : 07 Jun, 2016
Answer : Machine များကို License လျှောက်ထားရာတွင် (၁) Proforma Invoice (၂) Sale Contract (၃) မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့နှင့် အတူ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ၏ သက်ဆိုင်ရာ Section တွင် လျှောက်ထားနိုင်ပါ သည်။


မြန်မာ Font အားအသုံးပြုလိုပါက
ဇော်ဂျီမြန်မာ Font အား Control panel ရှိ Fonts Folder အတွင်းcopy ကူးထည့်ရပါမည်။
ဇော်ဂျီမြန်မာ Keyboard ကို double click လုပ်၍ Install လုပ်ရပါည်။
ထို့နောက် Control panel ရှိ Regional & Language Options တွင် Keyboard add လုပ်ဆောင်ပြီးအသုံးပြုနိုင်ပါသည်။

To post new question!
* Question


today> 989 hits
total> 4,894,482 hits
since Apr 12, 2006
ကြော်ငြာထည့်သွင်းလိုသော်
သင့်စီးပွားရေး ကြော်ငြာများကို MyanmarTradenet တွင် ထည့်သွင်းလိုလျှင် ဖုန်းနံပါတ် ၀၁-၃၇၆၄၁၆ ၊ ၀၁-၃၇၆၄၉၀ နှင့် ၀၆၇-၄၀၈၀၁၀ ၊ ၀၆၇-၄၀၈၄၈၅ တို့သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။