Page: ../ 6
Question :ကုမ္ပဏီထောင်ထားသူမဟုတ်သူများမှ ပို့ကုန်/သွင်းကုန် လုပ်ထုံးလုပ်နည်းများအနေဖြင့် မည်သို့ ၀င်ရောက်လေ့လာရမည်ကို သိရှိလိုပါသည်။ Company Name နှင့်တကွ Register ပြုလုပ်ခိုင်းနေသောကြောင့် အခက်အခဲဖြစ်ရပါသည်။    07 Jun, 2016
Date : 07 Jun, 2016
Answer : စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ www.commerce.gov.mm Website ၏ မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန်လုပ်ထုံးလုပ်နည်းများ တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။

Question :ကိုရီးယားနိုင်ငံထုတ် ဆွဲကား (Tow Car) တင်သွင်း တဲ့အခါ ဘယ်လို ဆောင်ရွက် ရမလဲ ဆိုတာ သိလိုပါတယ်။ ကုမ္ပဏီ လိုင်စင်နဲ့သွင်းတဲ့ အခါ ဘယ်လို စာရွက်စာတမ်းတွေ လိုအပ်ပြီး၊ ဘယ်လို ဆောင်ရွက်ရမယ် ဆိုတာ သိရှိလိုပါတယ်။    07 Jun, 2016
Date : 07 Jun, 2016
Answer : ကိုရီးယားနိုင်ငံထုတ် ဆွဲကား (Tow Car) တင်သွင်း တဲ့အခါ (၁) Proforma Invoice (၂) Sale Contract (၃) မည်သည့်နေရာတွင် မည်သို့အသုံးပြုမည်ဆိုသည့် အသုံးပြုပုံရှင်းလင်းချက် တို့နှင့် အတူ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သွင်းကုန်လုပ်ငန်းဌာနခွဲ၏ သက်ဆိုင်ရာ Section တွင် လျှောက်ထားနိုင်ပါ သည်။

Question :fully online licence နဲ့လျှောက်ရမည့် items goods တွေကိုသိချင်ပါတယ်    07 Jun, 2016
Date : 07 Jun, 2016
Answer : Fully Online Licence နဲ့ လျှောက်ရမည့် Items Goods များကို www.commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

Question : Please , Let me know, How can i get smart card for our company? Our company have export / import license but don't have smart card. Thanks .    02 Jun, 2016
Date : 02 Jun, 2016
Answer : လုပ်ငန်းရှင်စိစစ်ရေးကဒ်ပြားရယူလိုပါက (၁) ကုမ္ပဏီ Letter Head နှင့် လျှောက်ထားသည့် အပေါ်စာတစ်စောင် (၂) ကုမ္ပဏီမှတ်ပုံတင်ကဒ်မိတ္တူ (၃) ထသကမှတ်ပုံတင်ကဒ်မိတ္တူ တို့နှင့် လျှောက်ထားနိုင်ပါသည်။

Question :သွင်းကုန်လိုင်စင် လျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်း အချက်အလက်များနှင့် လုပ်ဆောင်ပုံ အဆင့်ဆင့် တို့ကို သိလိုပါသည်။    02 Jun, 2016
Date : 02 Jun, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် (၁) Proforma Invoice (၂) လျှောက်ထားသည့် သွင်းကုန် လိုင်စင်သည် ဌာနဆိုင်ရာထောက်ခံချက်လိုအပ်ပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိရပါမည် ... ပထမအဆင့်အနေနှင့် စီးပွားကူးသန်းဝန်ကြီးဌာန၏ လျှောက်ထားမည့် Proforma Invoice နှင့် PIAC တွင် အွန်လိုင်းဝင်ရပါ မည်။ အွန်လိုင်းမှ Application Form ရလျှင် အချက်အလက်များ မှန်/မမှန် ကိုယ်တိုင်စစ်ဆေး၍ မှန်ကန်ပါက အွန်လိုင်းကြေး ပေးသွင်းရပါမည်။ အွန်လိုင်းကြေးပေးသွင်းပြီးပါက ပို့ကုန်/သွင်းကုန်ဌာနခွဲ၏ မိမိ သက်ဆိုင်ရာ Section များသို့ သွားရောက်ရပါမည် ။ လိုင်စင်အချော ထွက်သည်အထိ ပို့/သွင်းဌာနခွဲမှ ဝန်ထမ်းများမှ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။ Myanmar Trade Net Website မှ (၁) Semi Online (၂) Fully Online Licensing System တို့ ဖြင့် လျှောက်ထားမည် ဆိုပါကလည်း လျှောက်ထားနိုင်ပါသည်

Question :အသေးစားနဲ့ အလတ်စား စက်မှုလုပ်ငန်း လိုင်စင် လျှောက်ချင်ပါတယ် ဘယ်မှ လျှောက်ရမလဲ။ web site ရှိပါသလားခင်ဗျာ။    01 Jun, 2016
Date : 01 Jun, 2016
Answer : အသေးစားနဲ့အလတ်စား စက်မှုလုပ်ငန်းလိုင်စင်ကို စက်မှုဝန်ကြီးဌာနတွင် လျှောက်ထားနိုင်ပါတယ် ... စက်မှုဝန်ကြီးဌာန၏ http://www.industry.gov.mm ၏ Law & Regulation တွင် ရှာဖွေဖတ်ရှုနိုင်ပါသည် ...

Question :For applying import license I want to know which documents are needed. Thank yo    20 May, 2016
Date : 20 May, 2016
Answer : သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် (၁) Proforma Invoice (၂) လျှောက်ထားသည့်သွင်းကုန်လိုင်စင်သည် ဌာနဆိုင်ရာထောက်ခံချက်လိုအပ်ပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ပါရှိရပါမည် ...

Question :ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးစာရင်းအားသိလိုပါသည်။မည်သည်နေရာမှရနိုင်သည်ကိုညွှန်ပေးပါ    17 May, 2016
Date : 17 May, 2016
Answer : ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးများဖြစ်သည့်အတွက် ကုန်သွယ်ခွန်နှင့်သက်ဆိုင်သော အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်သည့်အတွက် အကောက်ခွန်ဦးစီးဌာနသို့ မေးမြန်းသင့်ပါသည်။ ကျေးဇူးတင်ပါသည် ...

Question :ကုန်သွယ်ခွန်မဆောင်ရသောဆေးဝါးများအမည်စာရင်းသိလိုပါသည်။မည်သည့်နေရာတွင်ဝယ်ယူရနိုင်သည်ကိုညွှန်ပေးပါ    17 May, 2016
Date : 17 May, 2016
Answer : ကုန်သွယ်ခွန်ကင်းလွတ်ခွင့်ရဆေးဝါးများဖြစ်သည့်အတွက် ကုန်သွယ်ခွန်နှင့်သက်ဆိုင်သော အကောက်ခွန်ဦးစီးဌာနနှင့် သက်ဆိုင်သည့်အတွက် အကောက်ခွန်ဦးစီးဌာနသို့ မေးမြန်းသင့်ပါသည်။ ကျေးဇူးတင်ပါသည် ...

Question :သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့ ပစ္စည်3း3 မျိုးကို သိချင်ပါတယ်ရှင့် :)    17 May, 2016
Date : 17 May, 2016
Answer : သွင်းကုန်လိုင်စင်ထုတ်ပေးတဲ့ ပစ္စည်း ၃၃ မျိုးဆိုတာ ဘာကိုဆိုလိုပါသလဲရှင် ... လိုင်စင်လျှောက်ထားရန်မလိုသောအမယ်များကို ဆိုလိုခြင်းမျိုးလား ... အကယ်၍ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် ကြော်ငြာစာများအား သိရှိလိုပါက အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင် ... http://www.commerce.gov.mm/my/commands

Question :Hey, that's pofrlwue. Thanks for the news.    02 Aug, 2016
Date : 02 Aug, 2016
Answer : ကျေးဇုးတင်ပါတယ်ရှင်

Question :Is there web page where we can check the products list which are no need to apply IMPORT LICENSE?    17 May, 2016
Date : 17 May, 2016
Answer : ပို့ကုန် သွင်းကုန်နှင့်ပတ်သက်သည့်ကိစ္စရပ်များအား အောက်ပါလင့်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည် ။ http://www.commerce.gov.mm/my/commands

Question :ယခုကားသွင်းမည်ဆိုလျှင် 1300 CC, 5 seater, USD 5500 CIF တန်ဘိုး သွင်းမည်ဆိုလျှင် ကျသင့်မည် အခွန်အခများ သိလိုပါသည်။    27 Apr, 2016
Date : 27 Apr, 2016
Answer : CIF – 5500 USD တန်ဖိုးရှိ ကားတင်သွင်းမည်ဆိုပါက ကျသင့်မည့်အခွန်အခများမှာ - အကောက်ခွန် = 1650 USD ကုန်သွယ်ခွန် = 275 USD ကညနအခွန် = 1374.5 USD စုစုပေါင်း (အကောက်ခွန် + ကုန်သွယ်ခွန် + ကညနအခွန် ) = 3299.5 USD စုစုပေါင်းကျသင့်မည့်အခွန်အခများမှာ - 3300 × ဒေါ်လာပေါက်ဈေး = ............. ကျပ် ဖြစ်ပါသည် …. ကျေးဇူးတင်ပါသည် ……

Question :Could you please advise Office address to do registration of Myanmar Tradenet? & How about member fees & annual fee? Thank & hope to hear from you soon. You can email to premiummultitrans@gmail.com Wishing you "Prosperous Myanmar Happy New Year"    27 Apr, 2016
Date : 27 Apr, 2016
Answer : Myanmar Tradenet Member ပြုလုပ်နိုင်မည့် ရုံးခန်းလိပ်စာ - စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံးခွဲ၊ (၂၂၈ x ၂၄၀) ကမ်းနားလမ်း၊ ရန်ကုန်မြို့၊ Member Fees – ၁၃၀၀၀ ကျပ် သက်တမ်းတိုးကြေး - Member သက်တမ်းမကုန်မီတစ်ပတ်အလိုတွင် သက်တမ်းတိုးပါက ၁၁၀၀၀ ကျပ် Member သက်တမ်းကုန်ပြီးမှ သက်တမ်းတိုးပါက ၁၃၀၀၀ ကျပ် ကျေးဇူးတင်ပါသည် …..


မြန်မာ Font အားအသုံးပြုလိုပါက
ဇော်ဂျီမြန်မာ Font အား Control panel ရှိ Fonts Folder အတွင်းcopy ကူးထည့်ရပါမည်။
ဇော်ဂျီမြန်မာ Keyboard ကို double click လုပ်၍ Install လုပ်ရပါည်။
ထို့နောက် Control panel ရှိ Regional & Language Options တွင် Keyboard add လုပ်ဆောင်ပြီးအသုံးပြုနိုင်ပါသည်။

To post new question!
* Question


today> 1,020 hits
total> 4,894,513 hits
since Apr 12, 2006
ကြော်ငြာထည့်သွင်းလိုသော်
သင့်စီးပွားရေး ကြော်ငြာများကို MyanmarTradenet တွင် ထည့်သွင်းလိုလျှင် ဖုန်းနံပါတ် ၀၁-၃၇၆၄၁၆ ၊ ၀၁-၃၇၆၄၉၀ နှင့် ၀၆၇-၄၀၈၀၁၀ ၊ ၀၆၇-၄၀၈၄၈၅ တို့သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။